နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

Author Archive

သူတောင်းစားနှင့်ဘုန်းကြီး

ဆရာတော်အစဥင်္အဆက်ဆက် ပြောပြခဲ့တဲ့ ဓမ္မပုံဝတ္ထုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

တစ်ခါတုန်းကဘုန်းကြီးကျောင်းတစ်ကျောင်းကိုသူတောင်စားတစ်ယောက် ရောက်လာပါ တယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကို အသင့်တွေ့တာနဲ့ ”ဘုန်းကြီးဘုရား.. ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် စွန့်ပါဘုရား” လို့လျှောက်လိုက်ပါတယ်။

ဒီတော့ ကျောင်းထိုင်ဘုန်းကြီးက ” မင်းမှာ ခြေကော လက်ကော အကောင်းကြီး၊ ကိုယ့်ဟာကိုယ် လုပ်စားပါလား၊ ဘာဖြစ်လို့ တောင်းစားနေရတာလဲ၊ သွား မပေးနိုင်ဘူး၊ အခုဆင်းသွား” လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ်။
(more…)


အရှင်ရာဇိန္ဒ (ရဝေနွယ် အင်းမ) Ya Wai Nwe (Inn​Ma)

I was born on the 18th of June, 1969 at Inn Ma city, The’ Kone, Bago Division. My parents are U Thein Ni Sein and Daw Kyin Nu. At the age of ten, it was time for me to be a novist. A year after that, I became a novist again then, titled as A Shin Ra Zhane Da. At the age of 20, I became a honorific monk (ya hen).

I finished Pa Htar Ma Gyi Htan in 1990 at Ma Har We Thoe Thar Yone Parli University, Shwe Kyin monastery, Yangon. I later acquired the title of Thar Dana Da Sar Da Mar Seri Ya in 2000. It took me 10 years to finish Da Ma Sa Thi Ya Tan.
(more…)


ဝေဘူ ဆရာတော်ဘုရားကြီး ဟောကြားတော် မူလေ့ ရှိသော တရား အနှစ်သာရများ (The Essence of Buddha Dhamma)

ဝေဘူဆရာတော်ဘုရားကြီးဟောကြားတော်မူလေ့ရှိသော တရားအနှစ်သာရများ

သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။

ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။

ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။

ပိဋက ၃-ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အဆီ ထုတ်လျှင် “မဂ္ဂင်ရှစ်ပါး” ရတယ်။ မဂ္ဂင် ရှစ်ပါးကို အဆီထုတ်လျှင် “သိက္ခာ သုံးပါး” ရတယ်။
(more…)


ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ အကျဉ်း

Ven. Webu Sayadaw (1896 -1977)

Ven. Webu Sayadaw was one of the most highly respected monks of this century in Burma. He was notable in giving all importance to diligent practice rather than to scholastic achievement. Webu Sayadaw was born in the village of Lngyinpin in upper Burma on 17 February 1896. He underwent the usual monk’s training in the Pali scriptures from the age of nine, when he became a novice, until he was twenty-seven. In 1923 (seven years after his ordination), he left the monastery and spent four years in solitude. He practiced (and later taught) the technique of Anapana-sati (awareness of the in-breath and out-breath). He said that by working with this practice to a very deep level of concentration, one is able to develop Vipassana (insight) into the essential characteristics of all experience: anicca (impermanence), anatta (egolessness) and dukkha (unsatisfactoriness). Webu Sayadaw was famous for his unflagging diligence in meditation and for spending most of his time in solitude. He was reputed to be an arahant (fully enlightened one), and it is said that he never slept.

For the first fifty-seven years of his life, Webu Sayadaw stayed in upper Burma, dividing his time among three meditation centres in a small area. After his first trip to Rangoon, at the invitation of Sayagyi U Ba Khin, in 1953, he included southern Burma in his travels, visiting there to teach and meditate from time to time. He also went on pilgrimage to India and Sri Lanka. Webu Sayadaw spent his final days at the meditation centre in the village where he was born. He passed away on 26 June 1977, at the age of eighty-one.

ဆရာတော်လောင်းလျာမှာအင်းကြင်ပင်ရွာ-ဦးလူဖေ၊ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်တပေါင်း
လဆန်း၆ရက် တနင်လာနေ. နံနက် လေးချက်တီးကျော်မွေးဖွားခဲ.သည်။ ကျေးလက်တော
ရွာတွင်ကံက ပစ်ချခဲ.သော်လည်း ဆရာတော်ကားမင်းဆွေစိုးမျိုးဖြစ်ဧ။်။ ဆရာတော်ဧ။် အဘွား
(ဦးလူဖေဧ။်မိခင်)ကား အိမ်ရှေ့စံမိဖုရား တစ်ပါးဖြစ်ဧ။်။ ခင်ခင်ဟုခေါ်သည်။ ဆရာတော်ဧ။်
အဘိုးဦးကူးကားဘဏ္ဍ၀န်ဖြစ်သည်။ယခုအင်းကြင်ပင်မြောက်ဘက် ကျောင်းကြီးဒကာဖြစ်သည်။

၁၂၇၇ ခုနှစ်တွင်ရဟန်းဖြစ်၍ ၁၂၈၀-၈၁ ခုနှစ်များ မန်းတလေးမစိုးရိမ်ဆရာတော် အဘိစဇ
မဟာရဠဂုရု ထံပညာသင်ကြားခဲ.ဧ။်။ ၁၂၈၅ ခုနှစ်အထိ အင်ကြင်ပင်ကျောင်းတွင်ပင် နေပြီး
ထိုနှစ်နယုန်လ တောထွက်တော်မူသည်။

မယ်တော်ကြီးဒေါ်ကြင်နုမှာ ကျောင်းပွဲဘုရားပွဲရှိတိုင်း တောင်ဝှေးတစ်ချောင်းဖြစ် ကျောင်းသို.
လာရာ လာတိုင်းပင် ငို၍ပြန်ရဧ။်။ သတင်းအစအနမျှ စုံစမ်းမရသဖြင်. တစ်နှစ်အကြာ သား
သောကဖြင်.ပင် ကွယ်လွန်ရရှာဧ။်။

၁၂၈၅ ခုနှစ်တစ်ဝါ ရွှေဘိုမြို. ပုသိမ်တောရ ဆရာတော်ထံနေ၍ ၀ါကျွတ်လျှင် မင်းဘူး ရွှေစက်
တော်မှစ၍ တောတောင်အနှံ. ကြွရောက်တော်မူသည်။ ထိုနှစ်ကုန်ခါနီးမှာပင် ကျောက်ဆည်
ဝေဘူလတောင်ဝှမ်း အင်္ဂလိပ်သင်္ချိုင်းအနီးရှိ လျှိုမြောင်အကြားတွင် သီတင်းသုံးဧ။်။ ကျောက်
ဂူတစ်ခုလည်းရှိသည်။ တစ်နေ.သောအခါ ဟင်းရွက်ခူး ထင်းခွေသူများက ဂူထဲတွင် မကျန်း
မာ၍ လဲနေသည်ကို တွေ.ရမှာအစ ဆေးဝါးကုသကာ ဆန်စက်သူဌေးဦးပျော.က နေ.ချင်းပြီး
ကျောင်းငယ်တစ်ဆောင် ဆောက်လှူကိုးကွယ်သည်။

ကျောင်းဆောက်လှူရန် လျှောက်သော်လည်း ခုနှစ်ရက်တိုင်တိုင်ခွင်.မပြု ကပ်မိုးကပ်ကာနှစ်ခန်း
ကျောင်းကလေးဆောက်လှူပြီးသော်လည်း အရက်နှစ်ဆယ်ခန်. ကျောင်းဒကာအား စကားမပြော။
တို.များကိစ္စမပြီးခင် လူတွေက ၀ိုင်းအုံလိုက်နေလို. ပုန်းစရာတောင် မရှိတော.ဘူးဟု မိန်.တော်မူဧ။်။

ထိုတောထွက်သော နှစ်၊လ၊ပိုင်း အတွင်းတွင်ပင် တတိယအဆင်.အထိပြီးစီးတော်မူဟန်ရှိသည်။
အဲဒါတော. မကြာဘူးဟဲ. ဟူ၍သာ မိန်.တော်မူဧ။်။အနာဂမ်အဖြစ်နှင်.ကား နှစ်ပေါင်းမျာစွာ ကြာလွန်
နေရဟန် တူလေသည်။ အဘိညာဉ် ကိစ္စများလည်းတစ်ပါးတည်း ပြီးပြည်.စုံမူကြောင်း အထောက်အ
ထားများစွာရှိဧ။်။ ထိုအချိန်မှစ၍ကျိန်းစက်သည်ကိုလည်းမတွေ.ရ။ရာသီဥတုကြောင်.နှာစေးခြင်းမရှိဟု
ုဆိုကြသည်။ဦပျော.ကားဘုန်းကြီး ထွက်သွားမည်စိုးသဖြင်. အထူးဂရုစိုက်နေဧ။်။ ၁၂၈၉ ခုနှစ် သတင်း
စကားအရ ခမည်းတော်ရောက်လာဧ။်။ ရဟန်းပြုပေးပြီးနောက်ခမည်းတော် ဦးပဥွင်းကြီးနှင်.အတူ
အင်ကြင်းပင်သို.ပြန်ကြွရသည်၊ ထိုအချိန်မှစ၍ ကျောက်ဆည်နှင်.အင်ကြင်းပင်ခြောက်လစီ သီတင်း
သုံးသည်။ ၁၃၁၂ ခုနှစ်မှစ၍ ရွှေဘိုတွင် အောင်မြေရိပ်သာ ဖွင်၍ နှစ်လခန်. သီတင်းသုံးသည်။

ဆရာတော်ကား ဓုတင် တစ်ဆယ်.သုံးပါးကို အခါအားလျော်စွာ ဆောင်တော်မူဧ။်။ အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူပါသည်။ ကျောက်ဆည်ပတ်ဝန်းကျုင်၌် ရဟန်းဆယ်.နှစ်ဝါလောက်မှစ၍ ဆရာတော်ဧ။် သတင်းမှာ သင်းပျံ.စပြုလျက်ရှိပါသည်။ ကျောက်ဆည်မြို. ဖောင်ရွာဆန်စက်ပိုင်ရှင် သူဌေးဦးပျော. ဇနီးဒေါ်မြင်. ခဲအိုဦးချက်နှင်. သားမက်တော်သူ ဦးကြောင်နှင်. ဦးလှကျော်တို့ မှစ၍ ကျောက်ဆည်မြို.သူမြိုသားများ ပူဇော်ခွင်.ရခဲ.ကြပါသည်။ ဦးပျော.က ကျောင်းဆောက်လှူခွင်.ပြုရန် အတန်တန်လျှောက်၍ လက်ခံတော်မူရကာ ကျောင်းပြီးသောအခါ -ဒကာကျောင်းကတယ်ကျယ်ဝန်းသကိုး၊ကျုပ်က ခပ်ကျဉ်းကျဉ်း လိုတာပါ ဟုမိန်.တော်မူဧ။်။

စင်စစ်ကျောင်းမှာ လေးတိုင်စင်သာသာမျှသာ ရှိပါသည်။

ဆရာတော်သည် ဓုတင်တစ်ဆယ်.သုံးပါးလုံးကို ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက်တွန်းအားအကောင်ဆုံးဖြစ်သော နေသဇ်ဇိကင်္ဂဓုတင်ကိုမူ အထူးရှေ.တန်းတင်၍ ဆောင်တော်မူသည်။နည်းခံတပည်.များကိုလည်း အထူးတိုက်တွန်း ပြညွှန်တော်မူ လေ.ရှိပါဧ။်။

ထိုဓုတင်အကျင်.မှာ လူသာမန်အမြင်၌် ပြင်းထန်လွန်းသည်၊ကျန်းမာရေးချို.တဲ.လေမည်လားစသည်ဖြင်.ထင်ဖွယ်တွေးဖွယ်ရှိသော်လည်း ဆရာတော်ကမူ အရှင်မဟာကဿပ အရှင်ဗာကုလ စသည်တို့ ကိုထောက်ပြကာ ပို၍ပင် ကျန်းမာသက်ရှည်နိုင်ကြောင်း ရဲရဲကြီးတိုက် တွန်းတော်မူပါသည်။ အာမခံချက်ပေးတော်မူပါသည်။ စံနမူနာလည်းပြတော်မူပါသည်။ “ဘုရားဆုံးမတာက ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာအောင်ချည်းပဲ၊ကိုယ်ကသာထင်ချင်သလို ထင်နေတာ။” တစ်ရက် (၂၄-နာရီ) ပြည်.သွားပြီဆိုတော. ကောင်ကောင်းလှလှကြီးသိပါလိမ်.မယ်၊ တချို.အားထုတ်တာ အနှစ်လေးငါးဆယ်ရှိပြီလို.ပြောကြတယ်၊ သေသေချာချာစိစစ်ပြီး ကြည်.ပါ၊ တစ်ရက်ပြည်. ရက်လား။ နေ.တိုင်းအိပ်နေတယ်၊ ဘာဖြစ်လို့ အိပ်ရေးမ၀ကြတာလဲ။ အိပ် ရေးဝအောင် လုပ်တာမှမဟုတ်ပဲ။ အိပ်ချင်ရင် မအိပ်ချင်တဲ.နေရာ ရှိတယ်။ အဲဒီနေရာကို ရောက်အောင်သွား ၊အိပ်ရေးဝသွားလိမ်.မယ်။အဲဒါ” (နေသဇ်ဓုတင်) ရန်သူ(ထိနမိဒွ)ကို နိုင်တဲ. လက်နက်ဗျာ.။ စစ်တိုက်မယ်နဲ. ခေါင်းအုံးကြီးတွေနဲ. ဆိုတော. မနိုင်တာဟာ ဒါကြောင်.ဗျာ။”

ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပေါင်းအတော်ကြာကပင် တစ်နှစ်ပြီးတစ်နှစ် အံ့သြကြည်.ညို
ဖွယ် သတင်းထူများက ဖုံးကွယ်၍ မရအောင် ဖြစ်လာတော၏။ နွားကျောင်းသား ကုလာလူ
မျိုး “အလီ” ဖောင်ရွာ နွားနို.ရောင်းကုလား “ဒေ၀ဒတ်” ကျောက်ဆည်မြို. မင်းရပ်”ဦးခ” စသော
မျက်မြင်ကိုယ်.တွေ. ပုဂ္ဂိုလ်များတနေ.တခြား များပြားလာသည်နှင်.အမျှ နည်းခံပွားများသော
ယောဂီများပင် တနေ.တခြား တိုးပွားခဲ.ပါသည်။ ကုလားမျာကမူ –
“ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး လူစွမ်းကောင်းရှိတယ်” ဟုတအံ.တသြပြောဆိုကာ ကုလားလူ
မျိုးများပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြပါသည်။ ဝေဘူလ ဝေဘာရ တောင်စဉ်တစ်ကြော
ရှိ စေတီငယ်များအား ကောင်းကင်ယံမှ ပျံကြွကာ ဘုရားမီး ပူဇော် သည်ကိုလည်း အကြိမ်ကြိမ်
ဖူးတွေ.ရသူများ ယခုတိုင် ရှိကြပေသေးသည်။

ကျောက်ဆည်မြို၏အရှေ့ တောင်အရပ် တောင်စဉ်တောင်ဝှမ်းများတွင် “တောင်ပေါင်းချောင်”
ခေါ်သော အရပ်ဌာန တစ်ခုရှိ၏။ လွန်ခဲ.သော နှစ်ပေါင်း ခုနှစ်ဆယ်ခန်.က ထို ၌်သီတင်းသုံးသော
တောင်ပေါင်းချောင်ဆရာတော် ခေါ်ရှေ.မြင်နောက်မြင်ဆရာတော် တပါးရှိခဲ.ဖူးရာ ၄င်းဆရာတော်
ကြီးကလည်း “ဝေဘူလချောင်နေရာ၌် အာဇာနည် ပုဂ္ဂိုလ်မြတ်တစ်ပါး ထွန်းပေါက်မည်” ကို ကြိုတင်
ပြောထားခဲ.ဖူးကြောင်း ကျောက်ဆည်ပတ်ဝန်းကျင်၌်ရှေ့ မီ နောက်မီ လူကြီးသူမများ ပြောဆိုကြပါသည်။

ဝေဘူဆရာတော်ဘုရားကြီး ဟောကြားတော်မူလေ့ရှိသော တရားအနှစ်သာရများ


မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမ သြဝါဒများ (၂)

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။

၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။

၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။

၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
(more…)


ကျွန်ုပ် ရှာဖွေတွေ့ရှိသော မဟာယာန Vs ထေရ၀ါဒ

ဤပို့စ်ကို ရေးဖြစ်လိုက်သည်က နာမည်ရ ဘလောဂ်ဂါ တယောက်ဖြစ်သော မောင်သင်ကာ (ရှု့ရန်”http://mmthinker.iblogger.org/”) ရေးထားသည်ကို ဖတ်ရှု့ပြီး သကာလ လက်လှမ်း နိုင်သော စာအုပ်များကို ရှာဖွေပြီး ကျွန်နော် နားလည်သလောက် တင်ပြခြင်းတခု ဖြစ်သည်။ ကျွန်နော်သည် မိရိုးဖလာ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင် တယောက် ဖြစ်၏။ ဘာသာရေးကို ရေးဖွဲ့မည်ဆိုလျှင် မိမိ သဘောထားများဖြင့် မရေးနိုင်ပါ။ ဘာသာတရားသည် မိမိ ရှာဖွေတွေ့ရှိထားသည့် အရာမဟုတ်သဖြင့် စာပေကျမ်းဂန်များကို မှီငြမ်းပြီးမှ သာလျှင် ရေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိမိ ဖြတ်သန်းမှုအတွင်း ဆရာတော် သံဃာတော် များ ပြောပြခဲ့သည့်ကို ကြားဖူးခဲ့သော ဗုဒ္ဒဘာသာအကြောင်း နှင့် လက်လှမ်းမီသော စာပေ ကျမ်းဂန်အလာများကို ရောသမျှပြီး တင်ပြမှုတခု ဖြစ်သည်။
(more…)


အထွေထွေ ဓမ္မရုပ်ပုံအစုအဖွဲ့များ

ဓမ္မရုပ်ပုံ အစုံစုံ


သောတာပန်၏ ထူးခြားချက် (၇)ရပ်

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စ သဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။
(more…)


ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း

This slideshow requires JavaScript.

ဟေတုပစ္စယော

ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)
(more…)


The Four Noble Truths

The basic concepts in Buddhism can be summed up by the Four Noble Truths and the Noble Eightfold Path.

• The First Noble Truth

The first noble truth is, that life contains suffering. When we look at the world we see people in the most appalling condition, children starving, people being tortured, greed, hatred, terrorism, wars, intolerance and much more.

And in our own lives we are certainly not spared. Whether we like it or not, we will sometimes get ill, and endure physical sufferings such as pain, and at the end we will die. But besides the physical suffering, we will also experience psychological suffering, like loneliness, frustration, fear, embarrassment, disappointment and anger. This is an irrefutable fact that cannot be denied.

It sounds a bit pessimistic, bun in fact it is realistic rather than pessimistic. Pessimism is expecting things to be bad. This is not the case in Buddhism. Instead, Buddhism explains how suffering can be avoided and how we can be truly happy.

• The Second Noble Truth

The second truth is we suffer due to craving and wanting.

One reason for the suffering is, that we constantly try to define ourselves. And the harder we struggle to maintain our “image”, the more suffering we will experience.

An other reason for suffering is our expectations. We expect other people to conform to our expectation, even if it does not fit who they are or want to be.
We expect to have a certain standard in our living, like the right car, the fashionable clothing, the quality furnitures etc. Not to mention that we need a certain amount of space for all our stuff.
And why do we struggle to meet all those expectations. Because we have the need to belong. We want others to like us, so we can feel the belonging to the right group of people.
(more…)


ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ရဝေနွယ်(အင်းမ)

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…? မေးခွန်းရဲ့ သဘောလေးကို ပိုပြီး ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန် လေးပါးဘက်က လှည့်ပြောရအောင်ပါ။

သမ္မပ္ပဓာန်လေးပါးက –
၁။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကိုပယ်ဖို့ အားထုတ်ရမယ်။
၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ရမယ်။
မြတ်စွာဘုရားက ဒီလေးပါးကို ပွားများအားထုတ် ရမယ်လို့ ဟောကြားထားပါတယ်။ အောက်ကပဲ စပြောရအောင်ပါ။
(more…)


ဘုရားဟောသောပိန်နည်း

မြတ်စွာဘုရား  လက်ထက်တော်က  ပသေနဒီကောသလ မင်းကြီးဟာ  ဆန်တစ်စိတ်   (လေးပြည်) ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။   ဟင်းကိုလည်း     ဆန်တစ်စိတ်ချက်နဲ့  ညီမျှအောင်   စီစဉ်ပေးရ ပါတယ်တဲ့။    တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း   မြတ်စွာဘုရား  ဆီထွက်ခဲ့ပါတယ်။  မြတ်စွာဘုရား ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက် နေပါတော့တယ်  ဒီတော့ မြတ်စွာဘုရားက “မင်းကြီး…. ထမင်းစားပြီး အပန်းလေးမဖြေခဲ့  ဘူးလား”လို့ မေးတော် မူပါတယ်။ ပသေနဒီ ကောသလ မင်းကြီးကလည်း   “မှန်ပါဘုရား  အပန်းမဖြေခဲ့ ပါဘူးဘုရား၊ တပည့်တော်မှာ  ထမင်းစားပြီးတိုင်း   ဒီလိုဒုက္ခ ကြုံရပါတယ် ဘုရား”လို့   ပြန်လျှောက်တော့    မြတ်စွာ ဘုရား ကလည်း  “ဟုတ်တယ် မင်းကြီး အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။  အစားကြူးတဲ့ သူဟာ အနိစ္စ  ဒုက္ခ  အနတ္တ  တရားတွေကို နှလုံးမသွင်းနိုင်ဘူး၊  နှလုံးမသွင်းနိုင်ရင်   အိုလို့မဆုံး နာလို့ မဆုံး သေလို့မဆုံး ဖြစ်ရတယ်” လို့ဟောပြ  ပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာစား တဲ့အခါ အတိုင်းအရှည်ကို သိဖို့   ဂါထာလေး  တစ်ပုဒ်ဟောပြ ပေးပါတယ်။
(more…)


၁။ ယမက၀ဂ္ဂ

Chapter 01

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.
(more…)


၂။ အပ္ပမာဒ၀ဂ္ဂ

Chapter 02

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။
(more…)


၃။ စိတ္တ၀ဂ္ဂ

Chapter 03

၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။

၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
(more…)


၎။ ပုပ္ဖ၀ဂ္ဂ

Chapter 04

၄၄။ ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၅။ သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကိုရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူသည် ရွေးချယ်စိစစ်နိုင်အံ့နည်း။

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ်သည် ရွေးချယ်စိစစ်နိုင်လတံ္တ့။

44. Who will conquer this world, and the world of the gods, and the world of Yama (hell, the four apayas)? Who will find the clear path of perfection, even as an expert florist who picks flowers finds the most beautiful flower?

45. The disciple (the ariya) can examine the earth, the world of Yama and the world of the gods. The disciple can find out the well-taught path of virtue, even as an expert picks out the right flower.

၄၆။ ဖေဏူပမံ ကာယမိမံ ၀ိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ၀ဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။

46. Knowing this body to be like foam, realizing its mirage-nature, cutting out Mara’s flowers of sensuous passions, one may go beyond the sight of the King of Death.

၄၇။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍သွား၏။

47. Death carries away the person who gathers the flowers of sensuous passions, when as a torrent of rushing waters carries away a sleeping village.

၄၈။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တညေ၀ ကာမေသု၊ အန္တကော ကုရုတေ ၀သံ။

၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။

48. Death, the end of all, makes an end of the person with an attached mind, who ever thirsty for desires, gathers the flowers of sensuous passions.

၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။

၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။

49. Just as the bee takes the nectar and leaves without damaging the color or scent of the flowers, so should a sage (the monk) wander through a village (without affecting faith and generosity of the villagers).

၅၀။ န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာ၀ အေ၀ကၡယ်၊ ကတာနိ အကတာနိ စ။

၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှုမကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။

50. Do not look at the faults of others, or what others have done or not done. One should rather think what by oneself has done or not done.

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ အဂန္ဓကံ။
ဧ၀ံ သုဘာသိတာ ၀ါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။

၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ သဂန္ဓကံ။
ဧ၀ံ သုဘာသိတာ ၀ါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့်စသော)ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (အဆုံးအမ)စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။

၅၂။ အဆင်းအနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ်စကားစသော ပန်းသည် ပန်ဆင်သူအား အနံ့ တည်းဟူသောအကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

51. Just as a beautiful flower, that is colorful but scentless, so is a well-preached words of the Buddha fruitless for the person who does not put them into practice.

52. Just as a beautiful flower that is colorful and fragrant, so is a well-preached words of the Buddha fruitful for the person who puts them into practice.

၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

၅၃။ ပန်းစုပန်းပုံအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

53. Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ’ိကာ ၀ါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။

၅၅။ စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

၅၄။ ပန်းအနံ့သည် လေညာသို့မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စံပယ်ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏အနံ့သည်သာ လေညာသို့သွား၏၊ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။

၅၅။ စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည် လည်းကောင်း၊ မြလေးပန်းအနံ့သည်လည်းကောင်းရှိ၏၊ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလသည်သာ အတုမရှိ မြတ်၏။

54. The scent of flowers does not go against the wind, not sandalwood, tagara, nor jasmine; but the reputation of virtuous persons spread against the wind even to all directions.

55. Sandalwood, Tagara, a lotus-flower or a vassiki, even among such fragrant things, the fragrance of virtuous conduct is best of all.

၅၆။ အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။

၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။

56. Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the devas (gods).

၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒ၀ိဟာရိနံ။
သမ္မဒညာ ၀ိမုတ္တာနံ၊ မာရော မဂ္ဂံ န ၀ိန္ဒတိ။

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။

57. Mara cannot find the path of those who have perfected virtuous conduct, who are living with awareness and liberated by true knowledge.

၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

၅၉။ ဧ၀ံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တ၀ါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။

58. Even as on a heap of rubbish thrown away by the side –

59. of the road a lotus flower may grow and blossom with its pure fragrance giving joy to the soul, in the same way among the people like rubbish shines the light of wisdom of the disciple who follows the Buddha, the one who is truly enlightened.


၅။ ဗာလ၀ဂ္ဂ

Chapter 05

၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

60. Long is the night for one awake, long is a league to one tired, and long is Samsara of rebirths and deaths to the foolish who do not know the true Dhamma.

၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက် သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

61. If while moving through life, one was not to meet someone better or equal to him, then one should move firmly by oneself, there can be no companionship with a fool.

၆၂။ ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု စွဲလမ်းမှု တဏှာဖြင့် ဆင်းရဲ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာလျှင် ဥစ္စာရှိအံ့နည်း။

62. “Sons are mine, and wealth is mine”, with such thoughts a fool is tormented. He is not even the owner of himself, how can sons, how can wealth be his?

၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ။

၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကိုသိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

63. If a fool can see his own folly, he is this at least is wise; but the fool who thinks he is wise, he indeed is the real fool.

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

၆၄။ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။

64. Even if a fool associates with someone wise throughout his life, he never knows the path of wisdom (Dhamma) as the spoon never knows the taste of the soup.

၆၅။ မုဟုတ္တမပိ စေ ၀ိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။

၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း)တရားကို လျင်မြန်စွာ သိနိုင်၏။

65. Even though, for a brief moment, an intelligent one attends on a wise person, he soon knows the path of wisdom (Dhamma), as the tongue knows the taste of the soup.

၆၆။ စရန္တိ ဗာလော ဒုမ္မေဓာ၊ အမိတ္တေနေ၀ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို ပြုကြကုန်သော ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ လှည့်လည်ကြရကုန်၏။

66. Fools lacking in intelligence go about with a self that is truly an enemy; performing evil deeds which in the end bears bitter fruit.

၆၇။ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ၀ိပါကံ ပဋိသေ၀တိ။

၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည်စက်လက် ငိုကြွေးလျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

67. That deed is not well done an evil deed of which a man must regret, and the reward of which he receives crying and with a tearful face.

၆၈။ တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ၀ိပါကံ ပဋိသေ၀တိ။

၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏၊ နှစ်သက်ဝမ်းမြောက်လျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

68. But the deed is indeed well done a good deed of which a man does not regret and the reward of which he receives gladly and cheerfully.

၆၉။ မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။

၆၉။ မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

69. The fool thinks it is sweet like honey, while the evil he has done is not yet matured. But when the bad he has done is matured, then the fool suffers misery.

၇၀။ မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

၇၀။ မိုက်သောသူသည် လစဉ်လတိုင်း သမန်းမြက်ဖျားဖြင့် (အနှစ်တစ်ရာပတ်လုံး ခြိုးခြံသော အကျင့်ကိုကျင့်အံ့ဟု) ဘောဇဉ်ကို စားစေကာမူ ထိုမိုက်သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသောအကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ အဖိုးမထိုက်။

70. Let a fool, month after month, eat his food with a sharp point of a blade of kusa grass, yet is his conduct not worth the sixteenth part of those who have understood Dhamma.

၇၁။ န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

၇၁။ ညှစ်ပြီးစနို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

71. The effect of an evil deed, like newly drawn milk does not turn at once, it follows the foolish one like smoldering fire covered with ashes.

၇၂။ ယာဝဒေ၀ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ၀ိပါတယံ။

၇၂။ သူမိုက်၏အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏၊ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏၊ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

72. The knowledge that a fool acquires tends to be harmful, it destroys the fool’s virtue causing his head of knowledge to fall.

၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။

၇၄။ မမေ၀ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေ၀ါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ၀ဍ္ဎုတိ။

၇၃။ မလိမ္မာသောရဟန်းသည် ရဟန်းတို့၏အလယ်၌ မိမိတွင်ထင်ရှားမရှိသောဂုဏ်ဖြင့် ချီးမွမ်းခြင်းကို လည်းကောင်း၊ ခြံရံလျက် မိမိအားရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို လည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏(ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။

၇၄။ ငါ့ကြောင့်သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူရှင်ရဟန်း နှစ်ဦးတို့ မှတ်ထင်စေကုန်သတည်း၊ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်စေကြကုန်သတည်းဟု မိုက်သောရဟန်းအား အကြံအစည် အလိုရမ္မက် မာန်မာနသည် တိုးပွားလေ၏။

73. The foolish bhikkhu may wish for undeserved reputation, for precedence among the monks, for authority in the monasteries and for honor among other people unrelated to him.

74. “This I have done”, let the laymen and hermits, both think it was I who did that work, and let them ever ask me what they should do or not do. These are the thoughts of the fool; thus his desire and pride increase.

၇၅။ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေကမနုဗြူဟယေ။

၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း၊ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတည်း၊ ဤသို့ ဤအကျင့်နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍ မြတ်စွာဘုရား၏ တပည့်သား ရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကသုံးပါးကိုသာ တိုးပွားစေရာ၏။

75. One is the road that leads to wealth, another the way leading to Nibbana; if the monk, the disciple of Buddha, has learnt this he will not delight in the praise of men, he should devote himself to solitude and practice detachment.


၆။ ပဏ္ဍိတ၀ဂ္ဂ

Chapter 06

၇၆။ နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအားမြတ်၏၊ မယုတ်ညံ့ပေ။

76. Whoever sees one who detects faults as a revealer of hidden treasures should follow such a wise one who is blameworthy. Follow this person; good, not evil, happens to one who associates with such a person.

၇၇။ သြ၀ဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

၇၇။ ဆုံးမရာ၏၊ ကြိုတင်ဆုံးမရာ၏၊ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏၊ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏၊ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။

77. Let one admonish and educate and lead away from what is wrong. He will be loved by those who are good and hated by those who are not.

၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေ ကောင်းတို့ကို ဆည်းကပ်ရာ၏၊ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။

78. Let one not associate with low persons, bad friends. But let one associate with good companions, associate with noble men.

၇၉။ ဓမ္မပီတိ သုခံ သေတိ၊ ၀ိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သောစိတ်ဖြင့် ချမ်းသာစွာနေရ၏၊ ပညာရှိသည် အခါခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ)တရား၌ မွေ့လျော်၏။

79. One who drinks of the waters of Dhamma rests in joy with serene mind. The wise find their delight in the Dhamma, in the truth as taught by noble ones (Ariyas).

၈၀။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

၈၀။ မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်)သစ်ကို ရွေကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

80. Irrigators guide the water wherever they like, fletchers bend the arrow shaft, carpenters carve their timber, and the wise themselves tame their minds.

၈၁။ သေလော ယထာ ဧကဃနော၊ ၀ါတေန န သမီရတိ။
ဧ၀ံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသောလေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။

81. As a solid rock is not shaken by the wind, so are the wise not shaken in the face of blame and praise.

၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ၀ိပ္ပသန္နော အနာဝိလော။
ဧ၀ံ ဓမ္မာနိ သုတွာန၊ ၀ိပ္ပသီဒန္တိ ပဏ္ဍိတာ။

၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။

82. Even as Deep Ocean clear and clean, the wise become calm and clear after hearing the words of Dhamma.

၈၃။ သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ၀ါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရား အားလုံးတို့၌ (တက်မက်မောမှုကို) စင်စစ် စွန့်လွတ်ကုန်၏၊ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည် ဖြစ်၍ မပြောဆိုကုန်၊ ပညာရှိတို့သည် ချမ်းသာဆင်းရဲနှင့် တွေ့စေကာမူ ၀မ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြကြကုန်။

83. The virtuous persons are unattached wherever they are; those at peace do not speak out of desire for pleasure. Whether they encounter comfort or pain, happiness or sorrow, the wise show neither elation nor depression.

၈၄။ န အတ္တဟေတု န ပရဿ ဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊ သ သီလ၀ါ ပည၀ါ ဓမ္မိကော သိယာ။

၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ (မကောင်းမှုကိုမပြု)မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။

84. If, whether for his own sake or for the sake of others, a man wishes neither for sons nor for wealth nor for power, and if he does not wish for his own success by unfair means, then he is virtuous, wise and righteous.

၈၅။ အပ္ပကာ တေ မနုေဿသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေ၀ါနုဓာဝတိ။

၈၆။ ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနာ။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏၊ နိဗ္ဗာန် ကူးမြောက်သူမှတစ်ပါး ကြွင်းလူများသည် (သက္ကာယဒိဋ္ဌိတည်းဟူသော)ဤမှာဖက်ကမ်း၌သာလျှင် ခေါက်တုံ့ခေါက်ပြန် ပြေးသွားနေ၏။

၈၆။ ကောင်းစွာဟောအပ်သောတရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သောသူတို့သည် ကူး မြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို(ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဖက်သို့ ရောက်ကုန် လတ္တံ့။

85. Only few are there among people who arrive at the other shore of Nibbana (Immortality); but the others end up here running up and down on this shore (samsara) with the false view of individuality.

86. When truth is correctly explained, those who practice according to Dhamma will go beyond the domain of death (samsara), which is so hard to cross over.

၈၇။ ကဏှံ ဓမ္မံ ၀ိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
သြကာ အနောကမာဂမ္မ၊ ၀ိဝေကေ ယတ္ထ ဒူရမံ။

၈၈။ တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။

၈၉။ ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသ၀ါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာတည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာနိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သောကုသိုလ်ကို ပွားများရာ၏။

၈၈။ ပညာရှိသည် ကာမတို့ကိုစွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ၀ိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏၊ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။

၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌စိတ်ကို ကောင်းစွာပွားများအပ်၏၊ မစွဲလမ်းမူ၍ ဥပါဒါန်ကို စွန့်လွတ်ရာ (နိဗ္ဗာန်)၌မွေ့လျော်ကုန်၏၊ လောက၌ အာသဝေါကုန်ပြီးသော တန်ခိုးကြီးကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။

87. A wise man would leave the way full of darkness (evil deeds) and follow the way of light (good deeds) clear from excessive cravings envisaging Nibbana with virtuous deeds,

88. The wise would wish for delight, having discarded sensual desires, and would want to purge him from the defilements of the mind.

89. Those whose mind is fully well cultivated in the seven factors of Enlightenment, without clinging to existence, who have no attachments and enjoy being free from grasping and who have stopped all compulsion, attain perfect Nibbana in this world.


၇။ အရဟန္တ၀ဂ္ဂ

Chapter 07

၉၀။ ဂတဒ္ဓိနော ၀ိသောကဿ၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ၀ိဇ္ဇတိ။

၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။

90. For the one who has completed the journey of rebirths, left sorrow behind, is free in all circumstances, and liberated from all bondage, has no more worries of life.

၉၁။ ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ’လံ ဟိတွာ၊ သြကမောကံ ဇဟန္တိ တေ။

၉၁။ သတိရှိသောပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿနာတို့၌) လုံ့လပြုကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာ ဟူသမျှကို စွန့်၍သွားကုန်၏။

91. The mindful persons gird up themselves. They do not relish attachment. Like swans that leave their lake, they abandon one attachment after another.

၉၂။ ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယေသံ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။

၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည်မရှိ၊ အကြင်ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်၏၊ ရာဂစသည် ကင်းစိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။

92. The venerable Arahants who have laid up no storage, who live on recognized food, with perfect knowledge, whose sphere is emptiness and liberation, are hard to track, like birds in the sky where there is no track.

၉၃။ ယဿာသ၀ါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယဿ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏၊ ကောင်းကင်၌ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသောလမ်းကြောင်းကို မသိနိုင်။

93. The venerable Arahants whose compulsions are gone, who have no passions on food, whose sphere is emptiness, signlessness, and liberation, are hard to track, like birds whose tracks are unknown in the sky.

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသ၀ဿ၊ ဒေ၀ါပိ တဿ ပိဟယန္တိ တာဒိနော။

၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသောမြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင် ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ(ခြောက်ပါး)တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏၊ မာနကိုပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

94. The venerable Arahant who wisely controls his senses as horses well trained by a good driver, and who is free from lower passions and pride, is admired even by devas (gods).

၉၅။ ပထ၀ိသမော နော ၀ိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘ၀န္တိ တာဒိနော။

၉၅။ တာဒိဂုဏ်နှင့်ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့ လည်းကောင်း၊ တံခါးတိုင်ကဲ့သို့ လည်းကောင်း (သည်းခံသောစိတ်ရှိသည်ဖြစ်၍) အမျက်ဒေါသဖြင့် ဆန့်ကျင်မှုမပြု၊ ရွှံ့ညွန်ကင်း သောရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။

95. The venerable Arahant is tolerant like the earth, he is steady like a firm pillar, and he is like a lake free from mud. For such an arahant there will be no more Samsara, the cycle of rebirths.

၉၆။ သန္တံ တဿ မနံ ဟောတိ၊ သန္တာ ၀ါစာ စ ကမ္မ စ။
သမ္မဒညာ ၀ိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

၉၆။ အကြောင်းအားလျော်စွာ တရားကိုသိ၍ ကိလေသာမလွတ်သော ငြိမ်သက်သော ဖောက်ပြန် ခြင်းသဘောမရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်းငြိမ်သက်၏၊ နှုတ်အမူအရာသည် လည်းကောင်း၊ ကိုယ်အမူအရာသည် လည်းကောင်း ငြိမ်သက်၏။

96. The venerable Arahant who is liberated and gone to serenity by perfect knowledge (the Truth) is calm and also the speech and the action are calm.

၉၇။ အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ၀န္တာသော၊ သ ဝေ ဥတ္တမပေါရိသော။

၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်းဖြစ်၏၊ ၀ဋ်သုံးပါး ၏အစပ်ကို ဖြတ်တောက်ပြီးသူလည်းဖြစ်၏၊ ကုသိုလ်အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏၊ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏၊ ထိုသူသည်သာ စင်စစ် ယောက်ျားမြတ်ဖြစ်၏။

97. He who is free from credulous beliefs since he has seen the eternal Nibbana, who has thrown off the bondage of the lower life and, far beyond temptations, has surrendered all his desires, he is indeed great among men.

၉၈။ ဂါမေ ၀ါ ယဒိ ၀ါရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၲာ ၀ိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။

၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏၊ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။

98. In a village or in a forest, or in a valley or on the hills, wherever venerable Arahants dwell, that place is delightful.

၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏၊ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသောပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။

99. Forests are delightful; where the ordinary people find no delight, there the passionless will find delight, for they do not seek sensual pleasures.

တာဒိဂုဏ်= တာဒိဂုဏ်ဟူသည် လောကဓံရှစ်ပါးနှင့် တွေ့ကြုံသောအခါ ဖောက်ပြန်တုန်လှုပ်မှု မရှိခြင်းပေတည်း။


၈။ သဟဿဝဂ္ဂ

Chapter 08

၁၀၀။ သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။

100. Though a statement composed of a thousand words without sense, one word of sense is better, which one becomes pacified.

၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည်တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍မြတ်၏။

101. Better than a thousand useless verses is one single verse that gives peace.

၁၀၂။ ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၃။ ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။

၁၀၃။ အကြင် စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏၊ အကြင်သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ် တစ်ခါမျှ အောင်နိုင်ရာ၏၊ ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။

102. Better than one who recites a hundred verses of meaningless lines is one verse on hearing which one becomes calm.

103. If a man conquers in battle a thousand times a thousand men, but if one conquers(his passions) himself alone, he is the greatest of all conquerors.

၁၀၄။ အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။

၁၀၅။ နေ၀ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်းသည်မြတ်၏၊ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်းစသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည်မမြတ်၊ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တ၀ါ တို့၏အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည် လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင်မပြုနိုင်ရာ။

104.105. Better, indeed, oneself conquered over others, and has won himself, who is constantly living in self-control. Neither a Deva, nor a Gandhabba, nor Mara together with Brahma, could turn the victory into defeat of a person who controls himself.

၁၀၆။ မာသေ မာသေ သဟေဿန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း(တက္ကတွန်းတို့အား)ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏၊ ၀ိပဿနာ ပွားသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏၊ ထိုပူဇော်ခြင်းနှစ်မျိုးတို့တွင် ၀ိပဿနာ ပွားများသောရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏၊ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

106. If month by month, with a thousand devotional money offerings for a hundred years one should sacrifice; and another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of offerings.

၁၀၇။ ယော စ ၀ဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ၀နေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ၀ိပဿ နာပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့တွင် ထိုဝိ ပဿနာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏၊ အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

107. If a man for a hundred years should worship the sacred fire in the forest, and if another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of making sacrifices.

၁၀၈။ ယံကိဉ္စိ ယိဋ္ဌံ ၀ ဟုတံ ၀ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

၁၀၈။ လောက၌ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကိုလည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏၊ ထိုပူဇော်ခြင်း အလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏ လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာ ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။

108. Whatever sacrifice or offering in the world up for a year in order to gain merit, all of that does not reach a quarter as good as paying respect to Noble persons (Ariyas).

၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎုာပစာယိနော။
စတ္တာရော ဓမ္မာ ၀ဍ္ဎုန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်းဟူသော ဤ အကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏။

109. If a person has the habit of reverence and respects to the Aged who have virtue and faith in Dhamma, four benefits will gain to him: long life, beauty, happiness and strength.

၁၁၀။ ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

110. Better than a hundred years lived in vice, without contemplation, is one single day of life lived in virtue and a meditation.

၁၁၁။ ယော စ ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပုည၀န္တဿ ဈာယိနော။

၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပ ဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။

111. Better than a hundred years lived in ignorance, without contemplation, is one single day of life lived in wisdom and a deep contemplation.

၁၁၂။ ယော စ ၀ဿသတံ ဇီဝေ၊ ကုသီတော ဟီန၀ီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယမာရဘတော ဒဠှံ။

၁၁၂။ ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

112. It is better to live one day making strenuous effort than to live a hundred years lazily and listlessly.

၁၁၃။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

၁၁၃။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

113. It is better to live one day seeing “the arising and dissolving (of mind and body)” than to live a hundred years not seeing the arising and dissolving.

၁၁၄။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

၁၁၄။ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

114. It is better to live one day seeing the immortal place, Nibbana, than to live a hundred years not seeing the immortal place.

၁၁၅။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

၁၁၅။ မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

115. It is better to live one day seeing the Noble Dhamma, the ultimate truth, than to live a hundred years not seeing the Noble Dhamma.