နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

ကျွန်ုပ် ရှာဖွေတွေ့ရှိသော မဟာယာန Vs ထေရ၀ါဒ

ဤပို့စ်ကို ရေးဖြစ်လိုက်သည်က နာမည်ရ ဘလောဂ်ဂါ တယောက်ဖြစ်သော မောင်သင်ကာ (ရှု့ရန်”http://mmthinker.iblogger.org/”) ရေးထားသည်ကို ဖတ်ရှု့ပြီး သကာလ လက်လှမ်း နိုင်သော စာအုပ်များကို ရှာဖွေပြီး ကျွန်နော် နားလည်သလောက် တင်ပြခြင်းတခု ဖြစ်သည်။ ကျွန်နော်သည် မိရိုးဖလာ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင် တယောက် ဖြစ်၏။ ဘာသာရေးကို ရေးဖွဲ့မည်ဆိုလျှင် မိမိ သဘောထားများဖြင့် မရေးနိုင်ပါ။ ဘာသာတရားသည် မိမိ ရှာဖွေတွေ့ရှိထားသည့် အရာမဟုတ်သဖြင့် စာပေကျမ်းဂန်များကို မှီငြမ်းပြီးမှ သာလျှင် ရေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိမိ ဖြတ်သန်းမှုအတွင်း ဆရာတော် သံဃာတော် များ ပြောပြခဲ့သည့်ကို ကြားဖူးခဲ့သော ဗုဒ္ဒဘာသာအကြောင်း နှင့် လက်လှမ်းမီသော စာပေ ကျမ်းဂန်အလာများကို ရောသမျှပြီး တင်ပြမှုတခု ဖြစ်သည်။

မဟာဗုဒ္ဒနှင့် ခေတ်ပြိုင်ပေါ်သည့် ၀ါဒလေးမျိုးတွင်

ကြိယ၀ါဒဖြစ်သည့် မဟာဝီရ၀ါဒသည်
ကောင်းမှုကို လုပ်လျှင် ကောင်းကျိုးရ၏။
မကောင်းမှုကို လုပ်လျှင် မကောင်းကျိုးကို ရ၏။ အားလုံးသည် ပြောင်းလဲမှုဟု၍ မရှိ၊
ထိုဝါဒသည် လောကီ ကောင်းကျိုး၊ သံသရာ ကောင်းကျိုး သက်သက် ၀ါဒမျှသာ ဖြစ်၏။
လောကုတ္တရာ အကျိုးတရားဖြစ်သည့် သံသရာမှ လွတ်မြောက်ခြင်းကို ကျင့်ကြံသည့် သစ္စာလေးပါးတရား မတွေရပါ။
ထို့ကြောင့် မဟာဝီရသည် အတ္တ ရှု့ထောင့်မှ ကြည့်၍ အနတ္တ ရှု့ထောင့်ကို မကြည့်ပါ။

အကြိယ၀ါဒ ဟူသည်
လောက၌ ကောင်းမှု မကောင်းမှု တကယ်တမ်းမရှိ၊
ကံဆိုသော အရာမရှိ၊ ဥာဏ်နှင့် ၀ိရိယသာ ရှိ၏။
ကံဆိုသော အရာမလို ဥာဏ်ကောင်းပြီး ၀ီရိယ ကောင်းလျှင် လောက၌ လိုချင်တာကို ရ၏။ လိုချင်တာရသောအခါ ကောင်းမှု မကောင်းမှုကို ပယ်၏။
ယခုခေတ် လူသားဝါဒနှင့် ဆင်သလိုလို ရှိ၏။

အညာဏ၀ါဒက
အမြဲရှိသည် ဟူ၍လည်း မဆိုနိုင်
အမြဲမရှိဟူ၍ မဆိုနိုင်
တချို့က အမြဲရှိ၊
တချို့က အမြဲမရှိဟူလည်း မဆိုနိုင်၊
ဘာမျှ မရှိ ဟု မဆိုနိုင်၊
ဘာမျှ မရှိသည် မဟုတ်လည်း မဆိုနိုင်၊
ဆိုသည့် ရှု့ထောင့် ငါးမျိုးကနေ ယုတ္တိပြသော ရောထွေးမှုဝါဒ ဆိုရမည်။

ဝိနယ၀ါဒ သည်
အကျင့်သီလနှင့် အကျင့်ပဋိပတ်ကို ယုံကြည့်သော သီလ၀ါဒတခု ဖြစ်သည်။
သီလကို ပန်းတိုင် ပြုသောကြောင့် သူတော်စဉ်ဝါဒ တခုဖြစ်သည်။

စကားစပ် မောင်မောင်ဇော်လတ် ရေးသားပြီး ထူးအိမ်သင်က မဟာဝီရ ဗုဒ္ဒ သီချင်းကို သီဆိုခဲ့ပါသည်။ တခုတောင်းပန်သည်က မြန်မာပြည် အဆိုတော် လောကတွင် ကျွန်နော် လေးစား နှက်သက်ပြီး ဗဟုသုတ ပြည့်စုံတဲ့ ပညာရှင်တယောက်ကို လက်ညိုး ထိုးပြရမည်ဆိုလျှင် ထူးအိမ်သင်မှတပါး တခြားသူမရှိပါ။ မောင်မောင်ဇော်လတ် ရေးသားသည့် သီချင်း စာသားများအရ မဟာဝီရ၀ါဒသည် ဗုဒ္ဒ၀ါဒမဟုတ်ပါ ခေတ်ပြိုင် ပေါ်ပေါက်လာသည့် ဆင်တူယိုးမှား ဖြစ်နေသော ၀ါဒ ဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းကို အပေါ်စာပုဒ်ဖြင့် အမြင်မမှားအောင် ရှင်းချက်တခု ဖြစ်သည်။

ဗုဒ္ဓ၀ါဒအရ လောကတွင် သတ္တလောကသည် အရေးကြီးဆုံး ဖြစ်သည်။ အနုလောမနည်းအရ သတ္တလောက ဖြစ်ပေါ်ပုံနှင့် ပဋိလောမနည်းအရ သတ္တလောက ချုပ်ငြိမ်းပုံ သဘောတရားရ မချုပ်ပျက်မည် ကာလအတွင်း အကြောင်းကြောင့် အကျိုးများဖြစ်ပြီး သံသရာကို လည်ပတ်နေရမည်။ အကြောင်းဆိုရာဝယ် လောဘ ဒေါသ မောဟ ဆိုသော တဏှာဖြင့်ယှဉ်ပြီး အခြေခံအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အဆိုး အကောင်း အကျိုးတရားကို ရရှိ၏။ အကျယ်ကို ပဋိစ္စသမုပ္ပါဒအတွင် ကြည့်ပါ။
သတ္တ၀ါဟူသည် မြဲရှိနေသည့်အရာ မဟုတ်၊ သေလျှင် ပြီးပြတ်သွားသည်လည်း မဟုတ်၊ အတ္တအပေါ် အခြေခံပြီး ကံကို လက်ခံသောကြောင့် ထိုကံတရား၏ လွတ်မြောက်ရာ အနတ္တကို စမ်းသပ်ခြင်း ဖြစ်သည်။ ပြုလုပ်သူပင် ကောင်းမှုအကျိုးနဲ့ မကောင်းမှုအကျိုးကို ခံစားရသည်။ ထိုအယူကား ယနေ့မြန်မာနိုင်ငံတွင် လက်ခံသော အကျင့်အတခုဖြစ်သည်။

ဗြဟ္မာဏ၀ါဒနှင့် ဗုဒ္ဓ၀ါဒသည် ကံ ကို ယုံကြည်ချင်း အတူတူ ဖြစ်သည်။ သို့သော် လောက၌ မြဲနေသော အရာတခု ရှိသည်ဟု ဗြဟ္မာဏ၀ါဒက လက်ခံ၏။ သမထကျင့်စဉ် လမ်းလိုက်ပြီး ဗြဟ္မာပြည်တွင် ဂိတ်ဆုံးနေသည်။ ဗြဟ္မာဘုံသည် သက်တမ်း ရှည်လျားသဖြင့် မြဲသည်ဟု ဗြဟ္မာဏ၀ါဒက လက်ခံသည်။ ထို့ကြောင့် ဗုဒ္ဒက ဗြဟ္မာပြည်မှ စုတေပြီး မစင်တွင်း၌ ၀က်ဖြစ်နေရသည် ဟု သတ္တလောကသည် မမြဲသောတရားတခု ထောင့်ပြ၏။ “ ဗြဟ္မာပြည် တဝင်းဝင်း ဝက်စားကျင်း တရှုံ့ရှုံ့ ” ဗမာ စကာပုံလည်း ရှိပါသေးသည်။

ဗုဒ္ဒစာပေသည် ဒဿနစာပေနှင့် ရောနှောသည့် အပိုင်းနှင့် မရောနှောသည့် အပိုင်းဟူ၍ ကွဲထွက်သွားသည်။ ဒဿနစာပေနှင့် ရောနှောသည့်အပိုင်းမှာ မဟာ ယာန အမည်ဖြင့် ထင်ရှားသည်။ တခြား ဒဿန စာပေများနှင့် အပြိုင် စည်းရုံးချင်သဖြင့် မူရင်း ပါဠိဘာသာမှ တက္ကတဘာသာသို့ ကူးပြောင်းပြီး အိန္ဒိယနိုင်ငံတွင် တည်ရှိခဲ့သည်။ ထိုမှတဆင့် အာရှ မြောင်ပိုင်းသို့ ရိုးရာဝါဒများ ဖြစ်သည့် တရုတ် ရှေးဟောင်း တာအိုဝါဒဖြင့် ပေါင်းစပ်ပြီး မြောက်ပိုင်း မဟာ ယာန ထွန်းကားခဲ့သည်။ တိဘက် တရုတ် သို့ ရောက်ရှိသွားသော တက္ကတဘာသာသည် ရောက်ရှိရာ လူမျိုးဓလေ့ ယဉ်ကျေးမှုနှင့် ရောနှောကာ ဒဿန စာပေအသွင် အမျိုးမျိုး ဆောင်သဖြင့် မူရင်း မဟာယာနနှင့် တရုတ် ဓလေ့နှင့် ပေါင်းစပ်ပြီး “ ဇင် ၀ါဒ ” ပေါ်ပေါက်လာသည်။ ထိုဝါဒသည် ဂျပန်ကို ရောက်ရှိသွားသည့် မဟာယာန တမျိုးဖြစ်သည်။

ဇင် ၀ါဒ ဆိုသည်မှာ မိမိပြုခဲ့သည့် အတိတ်က ကြောင်းကို ပစ္စပ္ပုန်ကို မယူဆောင်ခြင်း ဖြစ်သည်။ အေဒီ ၁၂ ရာစု ဂျပန်ပြည်တွင် ရှဲင်ရန် ရှုနင်ဆိုသော ပုဂ္ဂိုလ်က သုခ၀တီဗုဒ္ဓ၀ါဒဖြစ်သော မယာယာနဂိုဏ်းကွဲကို အခြေခံပြီး သွတ်သွင်းခဲ့သည်။ သုခ၀တီဗုဒ္ဓ၀ါဒ ဆိုသည်မှာ အဆုံးမရှိသော စင်္ကြာဝင်္လအတွင်း တနေရာတွင် ဗုဒ္ဓဘုံ တခုရှိသည်။ ဂေါတမမြတ်စွာဘုရားသည် ကိုယ်တည်ပြ ရုပ်သဘာဝအရ ထိုဗုဒ္ဓဘုံ၌ တည်ရှိနေသည်ဟု ယုံကြည်သည်။

“ တနေ့သ၌ ရဟန်းနှစ်ပါးသည် လမ်းခရီးတခုကို ခရီးနှင်ကြသည်။ ရွာဇနပုဒ်အနီးသို့ ရောက်သောအခါ မိန်းကလေးတယောက်က ရေချောင်းကို ဖြတ်ကူးရန် အခက်အခဲ ကြုံနေရသည့်ကို တွေ့ရှိလိုက်သည်။ ထိုအခါ တပါးသော ရဟန်းတပါးက ကူညီ သင့်သည်ကို ထင်ပြီးပြီး မိန်းကလေးက ပွေ့ယူပြီး တဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုနောက် ရဟန်းနှစ်ပါးသည် လိုအပ်သော ခရီးကို ဆက်လက် ထွက်ခွာခဲ့သည်။ အချိန် အနည်းအငယ် ကြာမြင့်သည့် လမ်းခုလပ်ကို ရောက်သောအခါ မကူညီခဲ့သည့် ရဟန်းက “ ငါ့ အရှင်.. သင် မိန်းကလေးအား ကူညီတုန်းက ပွေ့ဖက်တဲ့အချိန်မှာ မည်သည့် စိတ်ခံစားမှုကို ရရှိသနည်း ” ဟု စကား စ လိုက်၏။ ထိုအခါ ကူညီခဲ့သည့် ရဟန်းက “ ငါ့ အရှင်.. သင်သည် ထိုအရာကို အခုထိ တွေးတော နေပါသလား ” ဟု ပြန်လှည် မေးလိုက်သည်။ ထိုကဲ့သို့ အကူအညီ ပေးလိုက်သော ရဟန်း၏ မေးခွန်းသည် ဇင် ၀ါဒ ၏ သဘောပင် ဖြစ်သည်။

ဇင်ဝါဒကို ခေတ်အဆက်ဆက် ပေါ်ပေါက်လာသော ထေရ၀ါဒ မထေရ်မြတ်များက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မနိုင်အောင် အပြင်းအထန် တားဆီးကြသည်။ ကျောက်တွင်း အရေးနှင့် ထင်ရှားလာသည့် အရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ၀ါဒသည် တာအိုဝါဒ ၊ ဇင်ဝါဒကို အခြေခံပြီး ယနေ့မြန်မာတို့ ကျင့်သုံးနေသည့် ထေရ၀ါဒနှင့် ရောသမှမွေထားသည့် ၀ါဒ တခုဖြစ်သည်။

ဇင် ၀ါဒနှင့် ဆင်တူသည့် ဗြဟ္မာဏ၀ါဒ ဂိုဏ်းအနွယ်ဖြစ်သော တန္တရယာန၊ မန္တရယာန အရည်းကြီးဝါဒသည် မြန်မာပြည် အထက်ပိုင်းတွင် ထွန်းကားခဲ့သည်။ ထိုဝါဒသည် အာသံ ကသည်း မဏိပူရဖက်မှ ဆင်းသင့်လာသည့် မဟာယာန ဂိုဏ်းကွဲတခု ဖြစ်သည်။
အောက်ပိုင်း မြန်မာပြည်တွင် လက်ခံသည့် ဗုဒ္ဓ၀ါဒက သီရိလင်္ကာမှ သင်္ဘောဖြင့် ရောက်ရှိလာသည့် ၀ါဒဖြစ်သည်။ ထို့ကြောင့် ဗမာက လှိုင်းဖြင့် ရောက်လာသည့် ၀ါဒကို ကိုးကွယ်သဖြင့် မွန်လူမျိုးကို တလိုင်းမျိုး ဟု ခေါ်ပြီး၊ မွန်တို့ကလည်း ဗမာကို အရည်းကြီးမျိုး၊ အရည်းကြီးမယား ဟု ခေါ်ဆိုကြသည်။ ဤကား စာမတင်သည့် အရပ်အထာ စကား ဖြစ်သည်။

ယခု မြန်မာနိုင်တွင် ထွန်းကားနေသည့် ဓါတ်ရိုက် ဓါတ်ဆင်၊ ယတြာ ပြုလုပ်နေသော့ ဗေဒင် ဆိုင်ရာဂိုဏ်းများဖြစ်သည့် ဆန်းဂိုဏ်း စသော ဂိုဏ်းဂဏများသည် တန္တရယာန၊ မန္တရယာန အရည်းကြီးဂိုဏ်းက ဆင်းသက်သည့် ပညာရပ်များ ဖြစ်သည်။ အရည်းကြီး ခေတ်လွန် ခင်ကြီးဖျော်နှင့် ဗားမဲ့ဆရာတော်တို့ ထင်ရှား၏။ ဥပမာ ဥုံ.. ဆိုသော စကားလုံးသည် ဗြဟ္မာဏ၀ါဒ၏ မူရင်း စကားလုံးဖြစ်သည်။ ဥုံ= သစ္စာ။ ထေရ၀ါဒ၏ ပါဠိ ပိဋိကတ်တော်တွင် ဥုံ .. ဆိုသည့် စကားလုံးကို မသုံးပြုပါ။ ပွဲကျောင်းသား ဆိုသည်မှာလည်း မဟာယာန၏ ဘုန်ကြီး ကျောင်းသားကို ဆိုလိုပါသည်။

သိခဲ့ရသည့် မြောက်ပိုင်း မဟာယန၀ါဒသည် မဟာဖိုဝါဒကို အခြေခံ ပြုထားသည်ကို တွေ့ရသည်။ သတ္တ၀ါတိုင်း အထူးသဖြင့် လူသားမျိုးနွယ်အတွင်း ယောင်္ကျားသည် မြင့်မြတ်၏။ ထိုယောင်္ကျားတိုင်းသည် ဘုရားဆုပန်ခွင့်ရှိသည်။
ထေရ၀ါဒတွင်မူကား ထိုအတွေးအခေါ်ကို လက်မခံပါ။ အကျင့်သီလကို ကောင်းစွာ စောင့်ထိန်းနေပြီး သံသရာကို လွတ်မြောက်နိုင်သည့် သူတော်စဉ် ရသေ့ ရဟန်းမျှသာ ဘုရား ဆုပန်ခြင်းဆိုသော အမှုကို ပြုနိုင်သည် ဟု လက်ခံသည်။ သုမေဓ ရသေ့ ဘုရား ဆုပန်ခဲ့သည့် အကြောင်းအရာကို ထောက်ရှု့ ဟန်ရှိသည်။

ဒဿနစာပေနှင့် မရောနှောသည့် အပိုင်းမှာ အိန္ဒိယမှ သီဟိုဠ် ( ယခုသီရီလင်္ကာ ) သို့ တောင်ပိုင်း ထေရ၀ါဒ နိုင်ငံများသို့ ပျံနှံ ရောက်ရှိသွားသဖြင့် ဒဿနစာပေနှင့် အရောမခံသည် ထေရ၀ါဒ ပါဠိ ပိဋိကတ်တော်များသည် အိန္ဒိယတွင် တိမ်ကောသွားရပြီး ဒဿန စာပေနှင့် အရောခံလိုသည့် သက္ကတ ပိဋိကတ်တော်များသာ အိန္ဒိယတွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် မဟာယနသည် ပိဋိကက်စာပေ သဘောတရားများ ဆုတ်ယုတ်ပြီး ဒသာနစာပေ သဘောတရားသာ လက်ခံသည့် ၀ါဒဖြစ်သည်။

တောင်ပိုင်း သီဟိုဠ်ကျွန်းသို့ ပြန့်နှံ့သွားသည့် ဗုဒ္ဒစာပေသည် သီဟိုဠ်ဘာသာဖြင့် တည်ရှိနေသောကြောင့် အဋ္ဌကထာဆရာ ရှင်မဟာ ဗုဒ္ဒဃောသသည် ပါဠိဘာသာသို့ ပြန်လှည် ပြောင်းယူခဲ့ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဗုဒ္ဒ၏ ပါဠိ ပိဋိကတ် စာပေသည် မူရင်းပါဠိမှ သီဟိုဠ် ဘာသာ၊ ၎င်းမှတဆင့် ပါဠိဘာသာသို့ တဖန် ပြောင်းယူခဲ့သော ပိဋိကတ်တော် ဖြစ်သည်။ ဘာသာပြန် ရှင်မဟာ ဗုဒ္ဒဃောသ က “ ဘာသာတခုမှ ဘာသာတခုသို့ ပြောင်းယူခြင်းသည် အနည်းနှင့် အများ မူရင်း အနက် အဓိပ္ပါယ်ကို ချွတ်ယွင်းစေနိုင်သဖြင့် မူလရှိရင်းစွဲ ဘာသာအတိုင်း ထားရှိခြင်းက ပိုကောင်းမွန်သဖြင့် ပြန်လှည်ထားရှိကြောင်း” ကို အမှာစာဖြင့် ရေးခဲ့သည်။

တောင်ပိုင်း ဗုဒ္ဒဘာသာ၏ မူရင်း ပိဋိကတ်တော်ကို ရှင်မဟာကသာပ စသည့် မထေရ်ကြီးများ ပထမ သံဂါယနတွင် အတည်ပြုခဲ့သည်။ ဗုဒ္ဒ၀ါဒစတင် ပေါပေါက်ပြီး အနှစ် ၁၀၀ ခန့်တွင် ကွဲခဲ့သည်ဟု ဆို၏။ ထေရ နှင့် ယာန သည် ပထမ သံဂါယနတွင် ကွဲခဲ့ဟန်ရှိသည်။ အတိအကျ မသိပါ။ တချို့ကလည်း ပထမ သဂါယနတွင် အတည်ပြုသော မူရင်း ပိဋိကတ်တော် ဗုဒ္ဒဘာသာကို လက်မခံသည့်အတွက် ဒုတိယ သဂါယနတွင် ကွဲခဲ့သည့်ဟု ဆို၏။ တချို့ ပညာရှင်များလည်း တတိယ သံဂါယနအပြီး ထေရ၀ါဒနှင့် ခြားခြားနားနား ကွဲခဲ့ရသည် ဟု ဆိုပြန်သည်။

အကြောင်းအရင်းက အပေါ်မှာ ဖေါ်ပြထားသည့် ဘုရားဆုပန်ခြင်းနှင့် ပတ်သက်ပြီး ကွဲခဲ့သလို ၀ိနည်းသိက္ခာကို မည်မျှလောက် ထိန်းသိမ်းမည်နည်း ဟူ၍ သဘောထားအပေါ်လည်း ကွဲခဲ့ပါသည်။ နောက်တခုက မဟာ ယာန ဘာသာပညာရှင် တယောက်ဖြစ်သည့် ရှင်နဂရဇ္ဇုနက “ နိဗ္ဗာန်သည် သံသရာ ဖြစ်ပြီး သံသရာသည် နိဗ္ဗာန် ဖြစ်သည်” ဟု တင်ပြသည်။ ထိုသဘောတရားကို နိဗ္ဗာန်သည် သံသရာ၏ ထွက်ပေါက် ဟု လက်ခံသည့် ထေရ၀ါဒက လက်မခံနိုင်ပေ၊ ပြသာနာက ပုထုဇဉ်များ အဓိပ္ပါယ် မဖွင့်ဆိုနိုင်သည့် နိဗ္ဗာန်သည် ကိုယ်ထည် ဒြပ် ရုပ် နမ် ရှိသလား မရှိသလား အပေါ်မှာ ထေရ၀ါဒနှင့် မဟာယာန ဆို ကွဲခဲ့သည် ဟု ပညာရှင်များက ထောက်ပြသည်။ မဟာ ယာန ပေါ်ပေါက်လာသည့် တခြားခြားသော အယူအဆများကို ပညာရှင်များလည်း သေသေချာချာ မသိခဲ့ပါ။

ကျွန်နော် ထင်မြင်သည်က ရှင်တော်မြတ် ဂေါတမ ဗုဒ္ဒသည် စင်္ကြာဝလံသည် တည်မြဲလော မတည်မြဲလော၊ အဆုံးရှိလော အဆုံးမရှိသေလာ ဆိုသည့် အရှင်မာလုကျပုတ္တ မထေရ်၏ အမေးကို မဖြေဆိုခဲ့သောကြောင့် ၀ိဝါဒများ ကွဲပြားရပြီး ထာဝရ ဗုဒ္ဓဘုံဝါဒနှင့် ထာဝရ ဘုရားသခင်ဝါဒက ယနေ့ ကမ္ဘာတွင် ထွန်းကားလာခဲ့သည်။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

ကျမ်းကိုး၊
ဆရာတော် ဦးဓမ္မပိယ Ph.D
ဦးရွှေအောင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၆၊ ဇန်န၀ါရီ ၁၉၉၆
မဏိဇောတ ဘာသာရေးမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၎

Source: http://luula18.blogspot.com/2008/11/vs.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s