နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

၁၄။ ဗုဒ္ဓ၀ဂ္ဂ

Chapter 14

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ ယဿ ဇာလိနီ ၀ိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၇၉။ အကြင်မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန်အောင်ဖွယ်မလို၊ လောက၌ အကြင် မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာနောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်း အခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာ ဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင် နိုင်ကုန်အံ့နည်း။

၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာသည်မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်း ကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

179. Buddha, the enlightened one, who already eradicated all mental defilements, has done what has to be done, whose victory cannot be turned into defeat, and whom no one can conquer?

180. Buddha, the enlightened one, who has no more net-like craving and clinging that cannot lead him whosesoever, whose range is limitless and pathless, by what path will you lead?

၁၈၁။ ယေ ဈာနပသုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေ၀ါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏၊ ကာမမှထွက်မြောက်မှု ကိလေသာငြိမ်းမှု၌ မွေ့လျော်ကုန်၏၊ သစ္စာလေးပါးတရားကို ကောင်းစွာသိကုန်သော လွန်ကဲသော သတိရှိကုန်သော ထိုပညာရှိတို့အား နတ်ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကြကုန်၏။

181. The wise ones who are intent on meditating delight (samata-meditation) in the calm of going out from all mental defilements. They, who are perfectly awakened, deeply inspired in mindfulness and who know well the Four Noble Truth, are delighted even by gods.

၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

၁၈၂။ လူအဖြစ်ကို ရခြင်းသည် ခဲယဉ်း၏၊ သတ္တ၀ါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဉ်း၏၊ ဘုရားရှင်တို့ ပွင့်ထွန်းပေါ် ပေါက်လာရခြင်းသည် ခဲယဉ်း၏။

182. It is difficult to get to be born as a man; it is also difficult to be the life of mortals, difficult is the hearing of the Dhamma, the rare event is the arising of a Buddha.

၁၈၃။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁၈၄။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော။

၁၈၅။ အနူပ၀ါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁၈၃။ မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံစေရာ၏၊ မိမိစိတ်ကိုဖြူစင်စေရာ၏၊ ဤသည်ကား ဘုရားရှင် တို့၏ အဆုံးအမတော်ပေတည်း။

၁၈၄။ တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်ပေတည်း၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏၊ ရဟန်းဟူသည် သူတစ်ပါးကို မညှဉ်းဆဲရာ၊ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် ရဟန်းမဟုတ်ပေ။

၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ မညှဉ်းဆဲရာ၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏၊ ဆိတ်ငြိမ်သောကျောင်း အိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ရာ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

183. To refrain from doing what is evil, to cultivate all virtuous actions, to purify one’s own heart, these are the teachings of the enlightened Buddhas.

184. Forbearing patience is the highest sacrifice. The awakened Buddhas say Nibbana is supreme. If one hurts another, he is not a hermit; the one who offends another is not an ascetic.

185. Not to find faults, not to hurt, to restrain under the precepts of Patimokkha (Fundamental Moral Precepts), to be moderate in food, the solitude of one’s place and one’s bed, and to practice the highest consciousness; these are the teachings of Awakened Buddhas.

၁၈၆။ န ကဟာပဏ၀ေဿန၊ တိတ္တိ ကာမေသု ၀ိဇ္ဇတိ။
အပ္ပဿာဒါ ဒုခါ ကာမာ၊ ဣတိ ၀ိညာယ ပဏ္ဍိတော။

၁၈၇။ အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

၁၈၆-၁၈၇။ အသပြာမိုး ရွာသွန်းပေးသဖြင့်လည်း ကာမတို့၌ ရောင့်ရဲတင်းတိမ်မှုမရှိ၊ ကာမတို့သည် သာယာ ဘွယ်သဘောမရှိကုန်၊ ဆင်းရဲကုန်၏ဟုသိ၍ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ပညာရှိသည် နတ်၌ဖြစ်သော ကာမတို့၌ သော်လည်း မမွေ့လျော်၊ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။

186-187. No contentment is found among sensual pleasures even with a shower of money. Craving, desires and pleasures will come to an end in pain. Knowing this, the wise one has no delight even in heavenly sensual pleasures. The disciple of Buddha finds delight in the ending of all craving.

၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

၁၈၉။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၉၀။ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမ။
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

၁၉၂။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသောလူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။

၁၈၉။ ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။

၁၉၀-၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို လည်းကောင်း ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊ ဆင်းရဲမှ လွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအမှန် အင်္ဂါရှစ်ပါးရှိသော မြတ်သောမဂ္ဂသစ္စာ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။

၁၉၂။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။

188. Persons who are threatened by fear go to mountains and to forests, sacred trees and shrines for refuge.
189. But that is not a safe refuge, that is not the ultimate refuge. Having come to this refuge, one is not free of all miseries and troubles.

190-191. But one who takes refuge in Buddha, in his teaching (Dhamma) and his community of monks (Sangha), sees the four Noble Truths with accurate insight: Suffering, the Cause of Suffering, and the overcoming of Suffering, and the Noble Eightfold Path that leads to Cessation of Suffering.

192. Taking refuge in three jewels: Buddha, Dhamma (his teaching) and Sangha (his follower community) is a harmless refuge that is the best and having come to that refuge, one is free from all sufferings.

၁၉၃။ ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

၁၉၃။ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ဖြစ်ထွန်းပေါ်ပေါက်နိုင်ခဲ၏၊ ထိုယောက်ျားအာဇာနည် ပုဂ္ဂိုလ်မျိုးသည် ခပ်သိမ်းသောအရပ်ဒေသ၊ ခပ်သိမ်းသောအမျိုးအနွယ်တို့၌ မဖြစ်ထွန်းနိုင်၊ ပညာရှိသော အာဇာနည်ပုဂ္ဂိုလ်မျိုးသည် အကြင်အမျိုးအနွယ်၌ဖြစ်၏၊ ထိုအမျိုးအနွယ်သည် ချမ်းသာခြင်းသို့ရောက်၏။

193. A man of nobility is not easy to find, a Buddha, who is awake is not born in everywhere. That family prospers in happiness where that wise person is born.

၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏၊ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏။

194. Joyful is the birth of Buddha, joyful is the teaching of the Noble Doctrine, Dhamma, joyful is the unity of his followers (Sangha), joyful is the life of those who live in harmony.

၁၉၅။ ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေယဒိ ၀ သာဝကေ။
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေါ။

၁၉၆။ တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

၁၉၅-၁၉၆။ ပူဇော်ထိုက်ကုန်သော တဏှာ မာန ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော စိုးရိမ်ပူဆွေးငိုကြွေးခြင်းကို လွတ်မြောက်ပြီးကုန်သော ကိလေသာငြိမ်းအေး ပြီးကုန်သော တစ်စုံတစ်ခု ဘေးရန် မရှိကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့ကိုလည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုကို ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံတစ်ယောက်သောသူသည်လည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။

195-196. Of one worshipping those worthy of worship, a Buddha or his disciples who have left behind all craving and mental defilements and have crossed over sorrow, who, free from all fears; no one can measure the extent of the merit and the virtue of one worshipping them.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s