နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

၁၂။ အတ္တ၀ဂ္ဂ

Chapter 12

၁၅၇။ အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာ ရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။

157. One who knows self is dear will guard oneself, with diligence. The wise one would look after himself during one of three watches of his life time (youth, middle age and old age).

၁၅၈။ အတ္တာနမေ၀ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

158. One should first establish oneself in what is proper practice; then one would advise others, thus the wise one would not suffer.

၁၅၉။ အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တောဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏၊ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတစ်ပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။

159. One would make oneself as one teaches others to be, one should master self-control, difficult indeed is self-control.

၁၆၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

၁၆၀။ မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင်အံ့နည်း၊ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော အရဟတ္တဖိုလ်ကို ရနိုင်၏။

160. One self is master of oneself. Who else would be the master of self? With oneself well controlled, one can attain enlightenment (Arahantship).

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘ၀ံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ၀ဇိရံဝသ္မမယံ မဏိံ။

၁၆၁။ ကျောက်မှဖြစ်သောစိန်သည် မိမိမှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့်ဖြစ်သောမကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။

161. The evil done by one, is born of oneself, is produced in oneself, and that crushes the foolish as a diamond does a gemstone where it is embedded.

၁၆၂။ ယဿ အစ္စန္တဒုဿိလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတီ ဒိသော။

၁၆၂။ မာလောနွယ်သည် မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ်သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာအလွှမ်းခံရသူသည် ရန်သူအလိုရှိတိုင်း မိမိအကျိုးမဲ့ကို မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။

162. As a creeper over-spreads and entangles a Maluva creeper, a man’s wickedness that grows in him, when it is very great, brings him to that state where his enemy wishes him to be.

၁၆၃။ သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

၁၆၃။ အပြစ်ရှိ၍ မိမိ၏အကျိုးစီးပွားမရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏၊ အပြစ်ကင်း၍ အကျိုးစီးပွားရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

163. It is easy to do what is bad and harmful to oneself; what is good and beneficial is very difficult to do.

၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကေဿဝ၊ အတ္တဃာတာယ ဖလ’တိ။

၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏၊ ၀ါးသီးတို့သည် ၀ါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာ ဖြစ်၏။

164. Who is not wise because of his detrimental view, obstructs the instruction of the Arahants who are virtuous and noble, and produces his own destruction, like the fruits of a bamboo which lead to the plant’s death.

၁၆၅။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ၀ိသုဇ္ဈတိ။
သုဒ္ဓီ အသုဒ္ဓိ ပစ္စတံ္တ၊ နာညော အညံ ၀ိသောဓယေ။

၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏၊ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင်စင်ကြယ်၏၊ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏၊ သူတစ်ယောက်သည် အခြား သူတစ်ယောက်ကို ကိလေသာအညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။

165. By oneself the evil is done and one becomes defiled. By oneself the evil is not done and one becomes pure. Purity and impurity are individual matters. One cannot purify another.

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏။

166. One should not neglect one’s own welfare because of the need for another’s, no matter how great; having well understood one’s own duty, one should follow it with earnestness.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s