နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

ဆရာတော်ကြီးများ၏ဆုံးမသြဝါဒ

Doing, Having & Being

ဆရာတော် ဦးဇောတိက

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )

Doing ဆိုတာ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ပြနိုင်တာ၊ အောင်မြင်တာကိုဆိုလိုတယ်။ လူအများမြင်နိုင်တဲ့ သိနိုင်တဲ့ အလုပ်မျိုး လူအထင်ကြီးတဲ့အလုပ်မျိုးကို လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတယ်လို့  ယူဆတာ။ အဲဒါကိုမှ တစ်ခုတည်းသော တိုင်းတာစရာ ကျေနပ်စရာလို့  ယူဆရင်၊ လူအထင်ကြီးအောင် လုပ်ပြနိုင်မှ ငါ့ဘ၀ဟာ အောင်မြင်တာလို့  သဘောထားတဲ့လူဟာ မလုပ်နိုင်တော့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်။ လုပ်နိုင်တယ်ဆိုတာ လူများကိုပြလို့ ရတဲ့အရာဖြစ်နေတယ်။ သူများနဲ့  ဆက်စပ်နေတယ်။
(more…)


သကြားနှင့်ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )

ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော

မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို

သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်

တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်.

တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါ

ဘုရား။) ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ

ှများကြီး ကောင်းပါတယ် ဘုရား) ဒါဖြင်.ဒို.ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက်

ထက်ကောင်းတယ် ဆိုတော.ဒို.ကသိပါ.မလား။ (မသိပါဘုရား)။

မေး။ သကြားအချို တကယ်သိအောင် ဒို.ကို ပြောစမ်းပါဦး။
(more…)


ကိုယ့်ကိုယ်ကိုမဖျက်ကြနှင့် + ကြီးပွားချမ်းသာလိုပါလျှင် (ဝေဘူ ဆရာတော်ဘုရားကြီး)

ကိုယ်.ကိုယ်ကိုမဖျက်ကြနှင့်

မြတ်စွာဘုရားဟောတဲ. တရားကို သူ.အတိုင်းမထာဘဲ နည်းနည်းလောက် နုတ်ထားလိုက်
မယ်ဗျာ.။ ဒါမှမဟုတ် နည်းနည်းကလေးအပိုထည်.ထားလိုက် မယ်ဆိုပါတော. အဲဒါဟာ
သာသနာပြုတာလား။ဖျက်တာလား။ဖျက်တာပါဘုရား။ အဲသလိုဖျက်တော. သာသနာကပျက်
သွားမှာတဲ.လား၊ အဲသလိုဖျက်တဲ.လူမှာ ပျက်သလား။ ဖျက်တဲ.လူပဲ ပျက်မှာပါဘုရား။ အေး…ဗျာ ဘုရားက ဒီလိုပါဆိုရင် ဒီအတိုင်းသာလုပ်ဗျာ.။
ကိုယ်.ကိုယ်ကိုမဖျက်ကြနှင်.

(၁၉၇၃ ဧပြီလ ၂၀ ရက်နေ. နံနက်၁၀ နာရီ အင်းကြင်ပင်ရိပ်သာတွင်ဟောချက်မှ)

ကြီးပွားချမ်းသာလိုပါလျှင်

ဒို. ဘုရားသာသနာက နေပူအောင်လုပ်လို.လဲရတယ်၊ မိုးရွာအောင် လုပ်လိုလဲရတယ်၊ လူ
လာအောင် လုပ်လို.လဲဖြစ်တယ်၊ လူမလာအောင် လုပ်လို.လဲဖြစ်တယ်၊ သစ်ပင်ရှိရင် ဆွမ်းရှိတယ်။
မင်းတို.ဘုရားကြည်.ညိုတာက မတည်.တဲ.သူငယ်ချင်း အိမ်အလည်လာ သလောက်မှ မကြည်
ညိုလို. မင်းတို.မှာ ဘာအကျိုးထူးမှ မခံစားရဘူး။
(more…)


ခန္ဓာကိုယ်ကြီးကလိမ်ပြောတတ်တယ် (ဝေဘူဆရာတော် ဘုရားကြီး)

မေး။ ဒကာကြီးအိမ်က နေ.တ၀က်လောက် ၀အောင်ကျွေးတဲ. ဒကာမကြီးနှင်. သံသရာတစ်လျှောက်လုံး ၀အောင်ကျွေးတဲ. ဘုရားရှင် ဘယ်သူနဲ့ ပိုတည့်မှာလဲ။

ဖြေ။ ဘုရားရှင်နဲ့ အတည့်ဆုံးလို.ပြောရမှာပါပဲဘုရား။

မေး။ ဒါဖြင်. ဒကာမကြီးက ကျွေုးတာတော.ဖြင်. အဟုတ်စားတယ်၊ဘုရားရှင်က ကျွေးတာတော. ဘယ်နှယ်လဲ။

ဖြေ။ ဆုတ်ဆိုင်း ဆုတ်ဆိုင်း ဖြစ်နေပါတယ်ဘုရား၊ဒါကြောင်.တပည်.တော်ကိုယ်တိုင်ကိုတပည်.တော် အမြင်ကပ်နေပါတယ်ဘုရား။

အေး..ကောင်းပါပြီဗျာ။ကြိုးစားကြ၊အားလုံးဟာဝီရိယထူထောင်ပြီး ပြုကြတယ်ဆိုတာဟာသည်
ရုပ်နှင်.နာမ်ကို မတဲ.လို. လုပ်တာဗျာ.။ ဟုတ်ကဲ.လားဗျာ။(ဟုတ်ပါတယ်ဘုရား။)သည်တော.ဘုရားရှင်ကိုကြည်ညိုကြတယ်။အားထုတ်မယ်ဆိုပြီး အားထုတ်တယ်၊အားထုတ်တော. ညောင်းလာပြန်ပြီလိုဖြစ်လိမ်.မယ်၊သည်တော.တော်တော.လို.ပြောမှာလား၊ မပြောနှင်.၊ငါဘာလိုညောင်းရမလဲ ဆိုပြီး သည်လိုခိုင်း။ဘေးဥပါဒ်အန္တရာယ်ဖြစ်မှာကြောက်တယ်၊ဥပါဒ်အန္တရာယ်ဖြစ်ချင်ဖြစ်ပါစေ၊ သေသွားလိမ်.မယ်လိုဆိုပြန်ရင်လဲ သေရင်သေပေစေ၊ အဲသည်လိုခိုင်းဗျာ.။ဒီခန္ဓာကိုယ်ကြီးက သနားအောင်ပြောမယ်၊
(more…)


ဘယ်သွားကြမလဲတရားတော် ( ဝေဘူ ဆရာတော်ဘုရားကြီး )

သီလဆောင်တည်လို.ပြီးကြပြီ။သီလဆောက်တည်ပြီးလျှင် ပြည်.စုံအောင် ဖြည်.ကြ။ ဖြည်.လို.
ပြည်.စုံပြီဆိုမှဖြင်. မိမိစိတ်နှလုံး အလို တောင်.တတဲ.အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။
နောင်လဲချမ်းသာမယ်။ ပုစ်စုပ်ပန် ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင်. အဆုံးအမတော်ကလွဲလို တခြားမရှိဘူး။ ဘုရားရှင်အဆုံးအမ ဆိုတာ ပိဋကတ်
သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကိုအဆီထုတ်ပါ ဆို
လျှင် ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး ရတယ်။ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး
ကိုအဆီထုတ်လျှင် မဂ်ဂင်ရှစ်ပါးရတယ်။ မဂ်ဂင်ရှစ်ပါးအဆီထုတ်လျှင် သိက်ခါ ၃ ပါးရတယ်၊

သိက်ခါ ၃ ပါးဆိုတာ အဓိသီလ၊ အဓိစိတ်တ၊ အဓိပညာပါပဲ။သိက်ခါ ၃ ပါး ကိုအဆီထုတ်လျှင်
ဧကောဓမ်မော တရားတခုရတယ်။ ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလိုဆောင်ထားတော. (ရှုမှတ်နေတော.)
ကာယကံသောင်းကျန်းမှု။ ၀စီကံသောင်းကျန်းမှုမရှိဘူး။ အဲဒါအဓိသီလ လိုခေါ်တယ်။
(more…)


ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။် ညွှန်ပြတော်မူလေ့ရှိသော ဓမ္မလမ်းစဉ်

၁) ဘုရားအဆုံးအမဖြစ်တဲ.ပိဋကသုံးပုံအကုန်လုံးဟာဆင်းရဲမှလွတ်မှုတခုဖြစ်၍နည်းတွေများ

သော်လည်းအားလုံးအတူတူပါပဲ။အကုန်လုံးလိုက်ပြီးလုပ်စရာမလိုပါဘူး။အများကြီးထဲကကြိုက်

တာတခုခုကိုဝီရိယမှန်မှန်နှင်. သန်သန်လုပ်ဖို.အရေးကြီးတယ်။

၂)စရဏနှင့်ဝိဇ္ဇာ တပြိုင်နက်ဖြစ်အောင်လုပ်ရတယ်၊တချိန်တည်းမှာအလုပ်နှစ်ခုပြီးတာဟာ

ဒါပဲရှိတယ်။

၃)ဘုရားစကား၊ဆရာစကား၊တထစ်ချနာယူ၊အရာရာရိုသေ၊ကိုယ်ကိုနှိမ်ချ၊ခန္တီနှင်. မေတ္တာများ

များထားပြီးလုပ်ရတယ်။
(more…)


ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု

  • သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
  • သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
  • ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။
  • ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
  • သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
    (more…)

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး) ဧ။်ဆုံးမစာ

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား

မပြတ်မစဲ အိုးပင်ကွဲလည်း

အမြဲမသွေ တည်ရှိနေသို့

ထိုထိုသွေးသား ကလေးများသို့

ဘုရားတံဆိပ် ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်

ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။
(more…)


မိုးကုတ်ဆရာတော်ဘုရားကြီးဧ။်သြ၀ါဒကထာများ (၁)

၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။

၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။

၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။

၎ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။

၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။
(more…)


Five Ways Of Performing Dāna By Venerable Shwe Oo Min Sayardaw

This slideshow requires JavaScript.

In our Buddhists’ way of life, we are familiar with Kusala. We all know that Kusala brings forth harmlessness and blamelessness. We achieve mental and physical happiness through Kusala. We know that Kusala brings forth the happiness of wealth and prosperity, the fulfillment of one’s wants and needs. The noble ones, the virtuous ones praised those who had not forgotten Kusala Dhamma. The noble ones explained that Kusala Dhamma would bring forth all those benefits not only in this present life, but also in many future lives, these benefits enabling them to the practice of Dāna, Sīla, Bhāvanā, leading them further towards Magga Bliss, Phala Bliss and finally the Nibbāna Bliss. The noble ones earnestly admired the owner of these Kusalas, declaring that only these worthy people would know and only these worthy people could manage to accumulate these profitable Kusalas which would give forth all the advantages.
(more…)


ဝေဘူ ဆရာတော်ဘုရားကြီး ဟောကြားတော် မူလေ့ ရှိသော တရား အနှစ်သာရများ (The Essence of Buddha Dhamma)

ဝေဘူဆရာတော်ဘုရားကြီးဟောကြားတော်မူလေ့ရှိသော တရားအနှစ်သာရများ

သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။

ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။

ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။

ပိဋက ၃-ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အဆီ ထုတ်လျှင် “မဂ္ဂင်ရှစ်ပါး” ရတယ်။ မဂ္ဂင် ရှစ်ပါးကို အဆီထုတ်လျှင် “သိက္ခာ သုံးပါး” ရတယ်။
(more…)


မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမ သြဝါဒများ (၂)

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။

၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။

၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။

၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
(more…)


အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ

sandadika

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက် ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှု မရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ
စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို
နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊
ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး
စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင်
စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။
ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ
လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။
လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။
ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊
အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို
ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊
ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ
ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။
တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး
ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ
မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့
လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။
တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက
ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့
ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို
ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ်
ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။
လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။
သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း
တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့
စိတ်ချမ်းသာမှုမရှိနိုင်ပါဘူး။
နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။
အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး
စိတ်ချမ်းသာတယ်။


မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ

လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ………..

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း …… ။

Source: http://www.mgthuya.com/2011/01/blog-post_5173.html


Follow

Get every new post delivered to your Inbox.

Join 40 other followers